back

အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက် ဖြစ်နိုင်ခြေလေ့လာ

Apr 08 • 5:04 AM

breaking-news

China

Local News

cover

အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက် ဖြစ်နိုင်ခြေလေ့လာ

တရုတ်နိုင်ငံသည် အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာတွက်ချက်မှု ကွန်ရက်တစ်ခုအတွက် ဘက်စုံဖြစ်နိုင်ခြေလေ့လာမှုနှင့် စီမံကိန်းမတိုင်မီ အကဲဖြတ်မှုများကို စတင်လိုက်ပြီဖြ...

တရုတ်နိုင်ငံသည် အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာတွက်ချက်မှု ကွန်ရက်တစ်ခုအတွက် ဘက်စုံဖြစ်နိုင်ခြေလေ့လာမှုနှင့် စီမံကိန်းမတိုင်မီ အကဲဖြတ်မှုများကို စတင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်ကာကွယ်ရေး သိပ္ပံ၊ နည်းပညာနှင့် စက်မှုစီမံခန့်ခွဲရေးဌာနအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။အဆိုပါဌာန၏ ကော်မာရှယ်အာကာသကဏ္ဍ ဒုတိယညွှန်ကြားရေးမှူး ယူဂေါင်ဘင် က ပြီးခဲ့သည့်သောကြာနေ့တွင် ပေကျင်း၌ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် အာကာသကွန်ပျူတာလုပ်ငန်းဆိုင်ရာ ညီလာခံတွင် ပြောကြားရာ၌ ၎င်းတို့ဌာနအနေဖြင့် စီမံကိန်းစတင်ခြင်း အစည်းအဝေးများနှင့် ကျွမ်းကျင်သူအဖွဲ့များ၏ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးခဲ့ပြီး လုပ်ငန်းစဉ်များမှာ အစီအစဉ်တကျ ရှေ့ဆက်နေပြီဖြစ်ကြောင်း Science and Technology Daily သတင်းစာက ဖော်ပြခဲ့သည်။

news-view-count-icon

4