back

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်စတင်ဖွင့်လှစ်

Apr 08 • 5:35 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်စတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား ဘားအံမြို့ ကမ်းနားည ဈေးအနီးရှိ သံလွင်မြစ်ကမ်းဘေးတွင် ယနေ့ ဧပြီ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဧပ...

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား ဘားအံမြို့ ကမ်းနားည ဈေးအနီးရှိ သံလွင်မြစ်ကမ်းဘေးတွင် ယနေ့ ဧပြီ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဧပြီ ၂၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် ဒေသထွက်ကုန်နှင့် စားသောက်ကုန်ဆိုင်ခန်း(၅၀)ကျော်၊ ရေဆော့က စားရန်နှင့်နားနေရန်တို့အတွက် ရေကူးဘောကွင်းများ၊ အန္တရာယ်ကင်းစွာရေကစားနိုင်ရန် မြစ်ရေကြောင်းအရံ အတားများ၊ ရေချိုးခန်းနှင့် အဝတ်လဲခန်းများ၊ သောင် ပြင်အမိုးတဲများ၊ မြန့်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ရန်နေရာနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်ကြောင်း သိရသည်။ဘားအံမြို့၌ သင်္ကြန်ပွဲတော်အား သီရိကွင်းဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းတစ်လျှောက် ဝန်ကြီးဌာနမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်၊ ချစ်သူလမ်းကြားတစ်လျှောက် သင်္ကြန်နှင့် ပြည်နယ်လွှတ်တော်ရှေ့တွင် လမ်းလျှောက်သင်္ကြန်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23