back

ကယားပြည်နယ်ရှိ ရေပူစခန်းမှာ ကျောင်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

Apr 08 • 2:07 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်ရှိ ရေပူစခန်းမှာ ကျောင်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ကယား(ကရင်နီ)ပြည် ၊ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက ရေပူ နေရပ်စွန့်ခွာ စခန်းမှာ ကျောင်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ဧပြီလ ၇ ရက်နေ့...

ကယား(ကရင်နီ)ပြည် ၊ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက ရေပူ နေရပ်စွန့်ခွာ စခန်းမှာ ကျောင်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ဧပြီလ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားအတွင်းမှာတော့ အလံတော်အား အလေးပြုတာ၊ အတန်းပြီးဆုံးကြောင်းလက်မှတ်ပေးအပ်တာ၊ အတန်းလိုက် ကပြဖျော်ဖြေတာ၊ ကျောင်းသားမိဘနဲ့ ကျောင်းဆရာ/မတွေ ကပြဖျော်ဖြေတာ၊ အဖွဲ့လိုက် သီချင်းသီဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောင်းဆရာတစ်ဦးဆီကနေ သိရပါတယ်။ နယ်‌မြေအခြေအနေမတည်ငြိမ်မှုကြောင့် ကလေးတွေရဲ့အသက်အရွယ်နဲ့ အတန်းတွေဟာ မကိုက်ညီတာတွေရှိနေပြီး ၆ လတစ်ဖြတ်နဲ့ တစ်နှစ်ကို နှစ်ဖြတ် သင်ကြားပေးနေတယ်လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ လာမည့်နှစ်တွေမှာတော့ တစ်နှစ် တစ်ဖြတ် ပုံမှန် ပြန်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

news-view-count-icon

17