ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လစဉ်၊ လတိုင်း ပိုင်ရှင်မဲ့အလောင်းတွေ့လာပြီး ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ ခုထိရှိလာပြီဖြစ်ပါတယ်။အဲ့ဒီ ပိုင်ရှင်မဲ့အလောင်းတွေထဲက ဧပြီလ ၆ ရက်နေ့မှာ မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ ဆာလာအိတ်နဲ့ထုပ်ပိုးထားတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို ပလုံကောက်တဲ့အမျိုးသားတစ်ဦး တွေ့ရှိခဲ့တာလို့ သိရပါတယ်။“အမှိုက်ကောက်တဲ့သူအရင်တွေ့ပြီး ရာအိမ်မှူးကိုအကြောင်းကြားတာ။ အဲဒီကနေ လူမူကယ်ဆယ်ရေးအသင်းက အလောင်းလာကောက်သွားတာဟုတ်တယ်”လို့ အေးမြသာယာရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။



