ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့မဈေးတွင် ဈေးရောင်းနေကြသည့် ဈေးသည်များထံ ဈေးကောက်သမားက တစ်ရက်ဈေးကောက်ခ(၂,၅၀၀)ကျပ်ကောက်ခံနေသဖြင့် ဈေးသည်များက အခက်အခဲဖြစ်နေကြသည်။ “ဈေးကောက်ခကတစ်နေ့ကို (၂,၅၀၀)ကျပ်ကောက်ခံပါတယ် ဟင်းသီးဟင်းရွက်သည်လည်း ဈေးလျော့မကောက်ဘူး ပစ္စည်းနည်းနည်းလေးပဲမို့ လျော့ယူဖို့ပြောတာ ဈေးကောက်အမျိုးသမီးက အပေါက်ဆိုးနဲ့ပြန်အော်တယ်၊ ဈေးခေါင်းရုံးနားသွားတိုင်မယ်ပြောလည်း ကြိုက်တဲ့သူဆီသွားတိုင်လို့ပြန်ပြောတယ်”ဟု တောင်ကြီးမြို့မဈေးထဲရှိ ဈေးသည်တစ်ဦးက ပြောသည်။ ဈေးနေ့ရောက်တိုင်း ဈေးကောက်သမားက ဈေးခ(၂,၅၀၀)ကျပ်လာကောက်လေ့ရှိပြီး ကြားရက်များ၌ (၂,၀၀၀)ကျပ်အနည်းဆုံး ရက်တိုင်းလာကောက်လေ့ရှိကြောင်း သိရသည်။ ယခုချိန်၌ စက်သုံးဆီခြားပါးမှုပြဿနာကြောင့် ဈေးသည်များသည်လည်း ဈေးသွားရန် အခက်အခဲရှိလာပြီး၊ ကားခလည်းဈေးတက်လာကြောင်း၊ ယခုလိုဈေးကောက်ခပါထပ်တိုးကောက်ခြင်းက ဈေးသည်များအတွက် အခက်အခဲအများကြီး ဖြစ်စေကြောင်း ဈေးသည်များက ပြောဆိုကြသည်။ 
Apr 08 • 2:08 AM
Myanmar
Shan
Share
| 17 | 0 | 0 | 0 |


