back

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း မဟာဗန္ဓုလလမ်းအား ပိတ်ထားမည်

Apr 07 • 7:45 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း မဟာဗန္ဓုလလမ်းအား ပိတ်ထားမည်

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ‌မဟာဗန္ဓုလလမ်းအား ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးထားပါတယ...

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ‌မဟာဗန္ဓုလလမ်းအား ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးထားပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်းခူးလဆုတ် ၁၂ ရက်နေ့မှ ကဆုန်လဆန်း ၁ ရက်နေ့) အထိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပခြင်း၊ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်း များကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် ပွဲတော်ကျင်းပစဉ်ကာလအတွင်း မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်း အထိ လမ်းပိတ်ထားမည်ဖြစ်ရာ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထားပါတယ်။


news-view-count-icon

41