ရှမ်း၊တောင်ကြီးမြို့ရှိ မြို့မဈေးတွင် ဈေးကောက်ခကို အဆမတန်ကောက်ခံနေသဖြင့် ဈေးသည်များ အခက်အခဲဖြစ်နေကြကြောင်း ဧပြီလ(၇)ရက်နေ့တွင် ဈေးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့မဈေးတွင် ဈေးရောင်းနေကြသည့် ဈေးသည်များထံ ဈေးကောက်သမားက တစ်ရက်ဈေးကောက်ခ(၂,၅၀၀)ကျပ်ကောက်ခံနေသဖြင့် ဈေးသည်များက အခက်အခဲဖြစ်နေကြသည်။
ဈေးနေ့ရောက်တိုင်း ဈေးကောက်သမားက ဈေးခ(၂,၅၀၀)ကျပ်လာကောက်လေ့ရှိပြီး ကြားရက်များ၌ (၂,၀၀၀)ကျပ်အနည်းဆုံး ရက်တိုင်းလာကောက်လေ့ရှိကြောင်း သိရသည်။ယခုချိန်၌ စက်သုံးဆီခြားပါးမှုပြဿနာကြောင့် ဈေးသည်များသည်လည်း ဈေးသွားရန် အခက်အခဲရှိလာပြီး၊ ကားခလည်းဈေးတက်လာကြောင်း၊ ယခုလိုဈေးကောက်ခပါထပ်တိုးကောက်ခြင်းက ဈေးသည်များအတွက် အခက်အခဲအများကြီး ဖြစ်စေကြောင်း ဈေးသည်များက ပြောဆိုကြသည်။


