back

မန်ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်နှင့် ဒေါ်ဂူတို့ ဒဏ်ရာမှပြန်လည်သက်သာလာပြီး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်း

Apr 07 • 6:34 AM

breaking-news

Myanmar

International

cover

မန်ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်နှင့် ဒေါ်ဂူတို့ ဒဏ်ရာမှပြန်လည်သက်သာလာပြီး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်း

မန်ယူနိုက်တက်အသင်း၏ အဓိကနောက်ခံကစားသမားများဖြစ်ကြသည့် လီဆန်ဒရိုမာတီနက်ဇ်နှင့် ဒေါ်ဂူတို့သည် ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီဖြစ်၍ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော...

မန်ယူနိုက်တက်အသင်း၏ အဓိကနောက်ခံကစားသမားများဖြစ်ကြသည့် လီဆန်ဒရိုမာတီနက်ဇ်နှင့် ဒေါ်ဂူတို့သည် ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီဖြစ်၍ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ နည်းပြကာရစ်သည် ၎င်းတို့နှစ်ဦးအား ယခုတစ်ပတ်အတွင်း အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့၌ ပြုလုပ်သည့် အသင်း၏လေ့ကျင့်ရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အသင်းပွဲစဉ် ၅ ပွဲအထိ လွဲချော်ခဲ့ရသည့် မာတီနက်ဇ်အား လာမည့် ဧပြီလ ၁၃ ရက်နေ့တွင် အိုးလ်ထရက်ဖို့ဒ်၌ ကစားမည့် လိဒ်စ်ယူနိုက်တက်နှင့်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝနေစေရန် အသင်းက မျှော်လင့်ထားသည်။ အဆိုပါပွဲစဉ်တွင် နောက်ခံလူ မက်ဂွိုင်းရားမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်သဖြင့် မာတီနက်ဇ် ပြန်လည်ကစားနိုင်ခြင်းမှာ အသင်းအတွက် သတင်းကောင်းဖြစ်သည်။ 

news-view-count-icon

17