back

မွန်ပြည်နယ်အစိုးရသစ်ကို ဝန်ကြီး ၁၀ ဦးဖြင့် ဖွဲ့စည်းမည်

Apr 07 • 6:33 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်အစိုးရသစ်ကို ဝန်ကြီး ၁၀ ဦးဖြင့် ဖွဲ့စည်းမည်

မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ကို ဝန်ကြီး ၁၀ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက ယနေ့ ၂၀၂၆ ...

မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ကို ဝန်ကြီး ၁၀ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။ အဆိုပါ အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမင်းဇေယျာဦးတို့ အပါအဝင် ဌာနဆိုင်ရာဝန်ကြီး ၇ ဦးနှင့် ဗမာ၊ ပအိုဝ်း၊ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦး၊ စုစုပေါင်း ဝန်ကြီး ၁၀ ဦး ပါဝင်မည်ဖြစ်သည်။တင်ပြထားသည့် ဝန်ကြီးစာရင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် မင်းမြင့်မောင်လေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် မိလဝီဟန်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဒေါက်တာအောင်မြတ်ကျော်စိန်တို့ ပါဝင်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးများအဖြစ် ဦးမျိုးမင်းလှိုင်၊ ဦးချစ်သိန်းနှင့် ဦးစောအောင်ကျော်သိန်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

news-view-count-icon

27