သဘာဝအတိုင်း အလေ့အကျင့်တွေ နေထိုင်စားသောက်မှုပုံစံတွေဖြင့် မျက်စိကျန်းမာရေးကို အထောက်အကူ ပြုနိုင်ကာ အမြင်အာရုံ တိုးတက်စေနိုင်ပါတယ်။ အမြင်အာရုံကို သဘာဝအတိုင်း ထိန်းသိမ်းပေးနိုင်မယ့် နည်းလမ်းတွေထဲမှာ..
(၁) ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့ ကြည့်တဲ့အခါ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အဝေးသို့ အနည်းဆုံးစက္ကန့် ၂၀ ကြည့်ပေးခြင်းဖြင့် မျက်လုံးကြွက်သား ပြေလျော့စေကာ မျက်လုံးဒဏ်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။ (၂) မကြာခဏ မျက်တောင်ခတ်ပေးခြင်းဖြင့် မျက်လုံးစိုပြေစေကာ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။ 


