back

မလေးရှားသို့သွားမည့် မြန်မာအလုပ်သမား ၃၅ ဦး ထိုင်းနိုင်ငံ ကန်ချာနာဘူရီ၌ ဖမ်းဆီးခံရ

Apr 07 • 6:00 AM

breaking-news

Thailand

Local News

cover

မလေးရှားသို့သွားမည့် မြန်မာအလုပ်သမား ၃၅ ဦး ထိုင်းနိုင်ငံ ကန်ချာနာဘူရီ၌ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချာနာဘူရီခရိုင်၊ ပက်ဖရက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၃၅ ဦးနှင့် ၎င်းတို့အား လက်ခံထားသူ အသက် ၄၅ န...

ထိုင်းနိုင်ငံ၊ ကန်ချာနာဘူရီခရိုင်၊ ပက်ဖရက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၃၅ ဦးနှင့် ၎င်းတို့အား လက်ခံထားသူ အသက် ၄၅ နှစ်အရွယ် နေအိမ်စောင့် ဦးမင်းဦး အပါအဝင် စုစုပေါင်း ၃၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။ အဆိုပါ မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာရန်အတွက် အဆိုပါနေအိမ်တွင် ခေတ္တပုန်းအောင်းစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် နေအိမ်စောင့် ဦးမင်းဦးကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား လက်ခံထားမှုဖြင့် တရားစွဲဆိုထားပြီး၊ ကျန်ရှိသည့် မြန်မာအလုပ်သမားများကိုလည်း တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

25