ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ကမ်းဘေးတွင် "နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်" ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပထမဆုံးအကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါသဲသောင်ပြင်ပွဲတော်တွင် ဒေသထွက်ကုန်နှင့် စားသောက်ကုန်ဆိုင်ခန်းပေါင်း ၅၀ ကျော် ပါဝင်မည့်အပြင်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရန် မြစ်ရေကြောင်းအရံအတားများ၊ ရေချိုးခန်း၊ အဝတ်လဲခန်းနှင့် အပန်းဖြေနားနေဆောင်များကိုလည်း စနစ်တကျ စီစဉ်ပေးထားမည်ဖြစ်သည်။ ထို့ပြင် ဘားအံမြို့အတွင်း၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သီရိကွင်းဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းလျှောက်သင်္ကြန်နှင့် ချစ်သူလမ်းကြား လမ်းလျှောက်သင်္ကြန်တို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 07 • 4:09 AM
Myanmar
Kayin
Share
| 44 | 0 | 0 | 0 |


