back

ရန်ကုန်မြို့ရှိအဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးရေ လျှော့ချပြေးဆွဲနေ

Apr 07 • 4:11 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်မြို့ရှိအဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးရေ လျှော့ချပြေးဆွဲနေ

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးကနေ အနယ်နယ်အရပ်ရပ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအနေနဲ့ စက်သုံးဆီအခက်အခဲကြောင့် ယာဉ်စီးရေတွေ လျှော့ချပြေးဆွဲနေရတယ်လို့ အဝေးပြ...

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးကနေ အနယ်နယ်အရပ်ရပ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအနေနဲ့ စက်သုံးဆီအခက်အခဲကြောင့် ယာဉ်စီးရေတွေ လျှော့ချပြေးဆွဲနေရတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေကနေ သိရပါတယ်။အောင်မင်္ဂလာအဝေးပြေးမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ စက်သုံးဆီအခက်အခဲကြောင့် ယာဉ်စီးရေတွေ လျှော့ချပြေးဆွဲနေရတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေဆီက စုံစမ်းသိရှိရတယ်။ တချို့ခရီးသည် တင်ယာဉ်လိုင်းတွေဆိုရင် ယာဉ်စီးရေထက်ဝက်အထိ လျှော့ချပြေးဆွဲနေရတယ်လို့ ဆိုပါတယ်။ ဒီလို လျော့ချပြေး ဆွဲလိုက်တဲ့အတွက် သင်္ကြန်အလုပ်ပိတ်ရက်တွေမှာ နေရပ်ပြန်ကြမဲ့သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ရတယ်လို့ ခရီးသည်တွေက ပြောကြပါတယ်။လက်ရှိမှာ သင်္ကြန်ကာလ နယ်တွေကိုပြန်မဲ့သူတွေက ကြိုတင်လက်မှတ်တွေကို အရင်ကသတ်မှတ်တဲ့ ဈေးနှုန်း တွေနဲ့ ဝယ်ယူထားပေမဲ့ လက်ရှိတက်သွားတဲ့နှုန်းထားအတိုင်း ထပ်မံငွေတောင်းခံတာတွေနဲ့ ကြုံရတယ်လို့ ဆိုပါတယ်။ ကားလက်မှတ်ခ နှုန်းထားတွေကလည်း အရင်ကဆိုရင် ရန်ကုန်-နေပြည်တော် ကားခက ကျပ်နှစ် သောင်းကျော် သုံးသောင်းဝန်းကျင်သာရှိရာကနေ အခုဆို ငါးသောင်းအထိ ဈေးနှုန်းမြင့်တက်လာခဲ့တယ်လို့ ခရီးသည်တွေက ပြောပါတယ်။ရန်ကုန်ကနေ မန္တလေးကို အနည်းဆုံး ကျပ်လေးသောင်းခွဲကနေ ရှစ်သောင်းကျော်အထိ ဈေးမြင့်တက် သွားသလို ရန်ကုန်ကနေပခုက္ကူကို ဆိုရင်လည်း အနည်းဆုံး ကျပ်ငါးသောင်းကနေ ခုနစ်သောင်းအထိ ဈေးနှုန်း မြင့်တက်သွားတယ်လို့ ဆိုပါတယ်။ ကားလက်မှတ်တွေ ဈေးတက်လာတာကြောင့် ခရီးသည်တွေဘက်က အဆင်မပြေသလို ယာဉ်လိုင်းတွေဘက်က လည်း စက်သုံးဆီတွေ ပုံမှန်မရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကားလက်မှတ်တွေသာမက တန်ဆာခတွေလည်း အရင်ကထက် နှစ်ဆနီးပါးတက်သွားတာကြောင့် ကုန်သည် တွေနဲ့ ကုန်ပစ္စည်းပို့ဆောင်သူတွေအတွက်လည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ယာဉ်ထွက်ရှိမဲ့အခြေအနေတွေ ပြောင်းလဲနိုင်ကြောင်းနဲ့ ကားတွေ မထွက် ဖြစ်ခဲ့ရင် လက်မှတ်တွေ ငွေပြန်အမ်းမယ်ဆိုပြီး တချို့ယာဉ်လိုင်းတွေက ကြေညာထားပါတယ်။

လက်ရှိမှာတော့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွက် ကြိုတင်ကားလက်မှတ်တွေ အားလုံးကုန်သွားပြီလို့ ယာဉ်လိုင်း တွေဆီကသိရပြီး လက်မှတ်မရသေးတဲ့ နယ်ပြန်မဲ့သူတွေလည်း အများအပြား ရှိနေပါသေးတယ်။ သင်္ကြန်ကာလ အတွင်း ယာဉ်စီးခ ပိုမိုတောင်းခံတာတွေ မပြုလုပ်ဖို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

news-view-count-icon

1k