back

အလှကုန်ပစ္စည်းများသည် ကျောက်ကပ်ပျက်စီးရာပျက်စီးကြောင်းဖြစ်စေနိုင်သည်

Apr 07 • 4:07 AM

breaking-news

Myanmar

Local

breaking-news
cover

အလှကုန်ပစ္စည်းများသည် ကျောက်ကပ်ပျက်စီးရာပျက်စီးကြောင်းဖြစ်စေနိုင်သည်

ကမ္ဘာတဝှမ်းမှာ အလှကုန်ပစ္စည်းတွေ အသုံးပြုသူ များပြားလာကြပါတယ်။ အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်း ပစ္စည်းတွေထဲမှာ အသုံးပြုလေ့ရှိတဲ့ အချို့သော ပါဝင်ပစ္စည်းတ...

ကမ္ဘာတဝှမ်းမှာ အလှကုန်ပစ္စည်းတွေ အသုံးပြုသူ များပြားလာကြပါတယ်။ အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်း ပစ္စည်းတွေထဲမှာ အသုံးပြုလေ့ရှိတဲ့ အချို့သော ပါဝင်ပစ္စည်းတွေက ကျောက်ကပ်တွေကို တိတ်တဆိတ် ထိခိုက်စေနိုင်တယ်လို့ အရေပြားဆရာဝန်တွေနဲ့ ကျောက်ကပ်အထူးကုတွေ သတိပေးနေကြပါတယ်။ အိန္ဒိယလူဦးရေရဲ့ ၁၃-၁၇ ရာခိုင်နှုန်းနီးပါးလောက်က နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရပြီး အများစုက အသက် ၅၀ အောက်တွေ ဖြစ်ပါတယ်။

ရောဂါအခြေအနေက လက္ခဏာမပေါ်ကြဘဲ ရောဂါဆိုးရွားလာပြီဆိုမှ ပေါ်လာတတ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်းတို့လို အခြေအနေတွေကြောင့် ကျောက်ကပ်ရောဂါဖြစ်စေသလို အလှကုန်ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကလည်း အန္တရာယ်များစေပါတယ်။

အသားဖြူဆေးခရင်မ်တွေမှာ တွေ့ရတတ်တဲ့ မာကျူရီ၊ ခဲ၊ ကဒ်မီယံ၊ အာဆင်နစ်တို့လို သတ္တုဓာတွေက အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်ထဲ စုပ်ယူသွားပြီး အလွန်ဘေးဖြစ်စေကြောင်း ဒေလီအခြေစိုက် အရေပြားအထူးကု ဒေါက်တာ ဒီပါလီဘာ့ဒ်ဝါဂျ်က ရှင်းပြပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ စုပြုံလာနိုင်ပြီးတော့ ကျောက်ကပ်ရဲ့ စစ်ထုတ်နိုင်စွမ်းကို သက်ရောက်စေတာ ဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေထဲက သဲလိတ်စ်၊ တော်လင်း၊ ပါရာဘင်တို့ဆိုရင် ကျောက်ကပ်ရောဂါအပြင် အခြားပြဿနာတွေလည်း ဖြစ်နိုင်ခြေ များစေပါတယ်။ ရေစိုခံနဲ့ ကြာရှည်ခံအလှကုန်တွေထဲမှာ အသုံးပြုတဲ့ PFA ဓာတုတွေဆိုရင် ကျောက်ကပ်လုပ်ဆောင်ချက်နဲ့ ဆက်စပ်နေပါတယ်။ သုံးစွဲသူများအနေဖြင့် နာမည်ရအမှတ်တံဆိပ်တွေ ရွေးချယ်သင့်ပြီး ကြီးကြပ်မှုအောက်မရှိတဲ့ ပစ္စည်းတွေကို ရှောင်ရှားသင့်ကြောင်း ပညာရှင်တွေ အကြံပြုထားပါတယ်။


news-view-count-icon

32