၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ဧပြီလ ၁၁၊ ၁၃၊ ၁၄ နှင့် ၁၅ ရက်တို့တွင် ရုံးချိန်ပြည့် ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ အချိန်ပို (Overtime) လုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် ဧပြီလ ၁၀ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး၊ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လမ်းကြောင်းပေါ်ရှိ အကောက်ခွန်ရုံးများတွင်လည်း ပိတ်ရက်မရှိ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် Asia World ဆိပ်ကမ်း၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှအပ ကျန်ရုံးပိတ်ရက်များတွင် ပို့ကုန်ကုန်သေတ္တာစစ်ဆေးခြင်းကို သုံးဆိုင်းစနစ်ဖြင့် အချိန်ပြည့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 07 • 3:51 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


