မြန်မာနေရှင်နယ်လိဂ် (MNL) အမျိုးသားနှင့် အမျိုးသမီး ရာသီသစ်ပြိုင်ပွဲများအတွက် Chief Operating Officer (COO) များအဖြစ် ဦးစည်သူဝင်းနှင့် ဦးမိုးဝေအောင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။ ဦးစည်သူဝင်းသည် MNL အမျိုးသားလိဂ်အတွက် တာဝန်ယူမည်ဖြစ်ပြီး ဦးမိုးဝေအောင်မှာ MWL အမျိုးသမီးလိဂ်အတွက် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပခဲ့သည့် MNL ကော်မတီအစည်းအဝေးတွင် အဆိုပါခန့်အပ်မှုများအပြင် လာမည့်ရာသီသစ်တွင် အိမ်ကွင်း/အဝေးကွင်းစနစ်ဖြင့် ပိုမိုကောင်းမွန်အောင် ကျင်းပနိုင်ရေး၊ အသက်အရွယ်လိမ်လည်မှုနှင့် အဂတိလိုက်စားမှုများကို ထိရောက်စွာအရေးယူရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်နှင့် မီဒီယာ၊ စပွန်ဆာလုပ်ငန်းများ တိုးတက်လာစေရန်အတွက်လည်း ထည့်သွင်းတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါသည်။
Apr 07 • 3:46 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


