ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန် ဒဏ်ရာရရှိမှုကြောင့် ၎င်းတို့နှစ်ဦး၏ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲမှာ မေလ ၁၀ ရက်နေ့ရှိ UFC 328 ပြိုင်ပွဲသို့ ရွှေ့ဆိုင်းသွားသော်လည်း မိမိအနေဖြင့် ချန်ပီယံဆုရယူရန် အပြည့်အဝအသင့်ရှိနေကြောင်း ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။ မူလက ဧပြီလ ၁၂ ရက်နေ့တွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ဂျိုရှူအာဗန် လေ့ကျင့်ရေးတွင် ဒဏ်ရာရရှိခဲ့သဖြင့် UFC က ပွဲစဉ်ကို နောက်ဆုတ်ခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် ကျင်းပမည့် UFC 328 ပြိုင်ပွဲ၌ ၎င်းတို့ပွဲစဉ်ကို Co-Main Event အဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဂျိုရှူအာဗန်နှင့်ပွဲ ရွှေ့ဆိုင်းသွားသော်လည်း ချန်ပီယံခါးပတ်ယူရန် အသင့်ရှိနေကြောင်း တက်ဆူရိုတာအီရာ ပြောကြား
Apr 07 • 3:23 AM
Myanmar
International
Share
| 19 | 0 | 0 | 0 |


