Global Development and South-South Cooperation Fund (GDSSCF) ၏ ပံ့ပိုးမှုဖြင့် UNICEF က အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့၌ စတင်ကျင်းပခဲ့သည်။ အဆိုပါစီမံကိန်းသည် ဘေးသင့်ဒေသများရှိ ကလေးငယ်များနှင့် မိသားစုဝင် စုစုပေါင်း ၁၁၆,၀၀၀ ဦးအတွက် ဘေးကင်းလုံခြုံသော သောက်သုံးရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ကလေးသူငယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အခမ်းအနားသို့ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing နှင့် UNICEF ဒု-ကိုယ်စားလှယ် Ms. Julia Rees တို့ တက်ရောက်ခဲ့ကြပြီး ဘေးဒဏ်သင့်ဒေသမှ ကလေးငယ်များ လက်တွေ့ကျကျ အကျိုးခံစားရရှိစေရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 07 • 3:24 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


