နယ်သာလန်အမှတ်ပေးပြိုင်ပွဲ (Eredivisie) ၏ ပွဲစဉ် (၂၉) အပြီးတွင် PSV အသင်းသည် အနီးဆုံးပြိုင်ဘက် ဖီယင်နုအသင်းနှင့် ၁၇ မှတ်အထိ ကွာဟသွားခဲ့သောကြောင့် ရာသီပြီးဆုံးရန် ၅ ပွဲအလို၌ပင် ဒတ်ချ်လိဂ်ချန်ပီယံဆုကို အတည်ပြုဆွတ်ခူးနိုင်ခဲ့သည်။ PSV အသင်းအတွက် ဤအောင်မြင်မှုသည် ၃ ရာသီဆက်တိုက် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်းဖြစ်သလို ကလပ်သမိုင်းတစ်လျှောက် ၂၇ ကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အသင်းကို အောင်မြင်စွာ ဦးဆောင်ပေးခဲ့သည့် နည်းပြ ပီတာဘော့ဇ်သည်လည်း ဒတ်ချ်လိဂ်ချန်ပီယံဆုကို ရယူနိုင်သည့် အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Apr 07 • 3:21 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


