နေပြည်တော်၌ အထွေထွေကုန်စျေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်တက်နေသလို ကြက်ဥစျေးနှုန်းများလည်း နေပြည်တော်ဒေသတွင် လိုက်ပါမြင့်တက်နေပြီး ကိုဗစ်ကာလအတွင်းက ဖြစ်ပါ်ခဲ့သော စျေးနှုန်းများထက်ပင် နှစ်ဆလောက်ကျော်လွန် နေသော အခြေအနေမျိုးဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သော လပိုင်းက ကြက်ဥမှာ နေပြည်တော်ဒေသတွင်းစျေးကွက်တွင် တစ်လုံးလျှင် အကြီး ၅၀၀ ကျပ်၊ အလတ် ၄၅၀ ကျပ်၊ အသေး ၄၀၀ ကျပ် စသည်ဖြင့်ရှိပြီး ယခုအခါ အကြီး ၆၀၀ ကျပ်၊ ရပ်ကွက်အတွင်းမှ အိမ်ဆိုင်များတွင် ၆၅၀ ကျပ်အထိ ဖြစ်လာခဲ့ကြောင်း၊ အလတ်၊ အသေး အရွယ်အစားများမှာ သိပ်မရှိဘဲ ယခင် ၄၀၀-၄၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေသော ကြက်ဥများမှာ ယခု ၅၀၀ ကျပ်ဝန်းကျင်ဖြင့် ရောနှောရောင်းချနေကြခြင်းလည်းဖြစ်ကြောင်း သိရသည်။နေပြည်တော်ဒေသအတွင်း ရောင်းချသည့်ကြက်ဥ များမှာ ရှမ်းပြည်နယ်အတွင်းမှ ၁၀ ဘီးယာဉ်ကြီးများဖြင့် အများဆုံးဝင်ရောက်နေခြင်းဖြစ်ပြီး တစ်ပတ်လျှင်ပျမ်းမျှ ယာဉ်နှစ်စီးနှုန်းပုံမှန်ဝင်ရောက်နေသော်လည်း ယခုလတ်တလောဖြစ်ပေါ်နေသော မော်ယာဉ်စုံမစနစ်များ၊ စက်သုံးဆီအခြေအနေများကြောင့် သယ်ယူပို့ဆောင်စရိတ် များလည်း မြင့်တက်လာကာ စျေးနှုန်းများလိုက်ပါမြင့်တက်ရခြင်းလည်းဖြစ်ကြောင်း သိရသည်။
Apr 07 • 3:06 AM
Myanmar
Naypyidaw
Share
| 15 | 0 | 0 | 0 |


