မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြ ပက်လန်ဒါစ်က ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားက လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လမ်းခွဲဖို့ စီစဉ်နေကြောင်း အစောပိုင်းကတည်းက သတင်းထွက်ပေါ်နေပေမဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေရဲ့ အတည်ပြုမှုကတော့ အခုမှ ထွက်ပေါ်လာခဲ့တာပါ။လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ဘာနာဒိုဆေးလ်ဗားကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
Apr 07 • 3:07 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


