back

မန္တလေးတွင် ဈေးနှုန်းမြင့်မားသော်လည်း ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် ပန်ကာနှင့်လေအေးပေးစက် ဝယ်ယူသူများပြားလာ

Apr 07 • 3:05 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတွင် ဈေးနှုန်းမြင့်မားသော်လည်း ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် ပန်ကာနှင့်လေအေးပေးစက် ဝယ်ယူသူများပြားလာ

မန္တလေးမြို့တွင် ပန်ကာနှင့် လေအေးပေးစက်ဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း ရာသီဥတုပူပြင်းမှုကြောင့် ဝယ်ယူသုံးသွဲသူများပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ယ...

မန္တလေးမြို့တွင် ပန်ကာနှင့် လေအေးပေးစက်ဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း ရာသီဥတုပူပြင်းမှုကြောင့် ဝယ်ယူသုံးသွဲသူများပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ယခုရက်ပိုင်းအတွင်း နေ့အပူချိန်သိသိသာသာမြင့်တက်လာခဲ့ခြင်းကြောင့် အပူဒဏ်ကိုကာကွယ်ရန်အတွက် ပန်ကာနှင့်လေအေးပေးစက်များကို ဝယ်ယူလာခြင်းဖြစ်သည်။လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားရရှိမှုမှာလည်း အလုံအလောက်မရှိခြင်းကြောင့် ဆိုလာအားသွင်းစနစ် ပါရှိသည့် တရုတ်နိုင်ငံထုတ် ပန်ကာနှင့်လေအေးပေးစက်များကို ပိုမိုဝယ်ယူလာကြကြောင်းသိရသည်။ပန်ကာနှင်လေအေးပေးစက်ဈေးနှုန်းများမှာ ယမန်နှစ်ကထက် နှစ်ဆမှ သုံးဆအထိမြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပစ္စည်းပြတ်လပ်လုနီးပါးအထိရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

23