ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲတွေမှာ ဧပြီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကစားမှာဖြစ်ပါတယ်။ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်-ဘိုင်ယန်မြူးနစ်၊ စပို့တင်းလစ္စဘွန်း-အာဆင်နယ်၊ PSG-လီဗာပူးလ်၊ ဘာစီလိုနာ-အက်သ
လက်တီကိုတို့ ဆုံတွေ့နေပါတယ်။ကွာတားလေးပွဲမှာ ထိပ်သီးအသင်းတွေအနက် အာဆင်နယ်အသင်းက ပွဲစဉ်အချောင်ဆုံးပါပဲ။ပြည်တွင်းဖလားနှစ်လုံးကို ဆက်တိုက်လက်လွှတ်ရထားလို့ အာဆင်နယ်အသင်းရဲ့တုံ့ပြန်မှုကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကလပ်တွေကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်းက လီဗာပူးလ်နဲ့ ထပ်မံရင်ဆိုင်ရမှာပါ။PSG အနေနဲ့ ပြီးခဲ့တဲ့ရာသီအတိုင်း ရာနှုန်းပြည့်ကျော်ဖြတ်နိုင်မလား စိတ်ဝင်စားစရာပါပဲ။
ကွာတားလေးပွဲမှာ ဆွဲဆောင်မှုအမြင့်ဆုံးရှိနေတာက ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တယ်။ဘာစီလိုနာနဲ့ အက်သလက်တီကိုကတော့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်မကျေပွဲ ဆင်နွှဲရပါလိမ့်မယ်။


