မလေးရှားနိုင်ငံတွင် ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်များကျခံပြီးသည့် မြန်မာနိုင်ငံသား၂၁ ဦးပါဝင်သည့် နိုင်ငံခြားသား ၁၂၇ ဦးကို ဧပြီ၆ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။၎င်းတို့အားလုံးကို KLIA 1 နှင့်KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင် ဆီနိုင်း (Senai) အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့်၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့အနက် မြန်မာနိုင်ငံသား၂၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၆၄ ဦး၊ အိန္ဒိယနိုင်ငံသား ၁၄ ဦး၊
ပါကစ္စတန်နိုင်ငံသား ၁၂ ဦး၊ နီပေါနိုင်ငံသားခြောက်ဦး၊ ဗီယက်နမ်နိုင်ငံသားခြောက်ဦးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးစီပါဝင်ကြောင်း သိရသည်။



