ထိုင်း၌လောင်စာဆီ ဈေးနှုန်းတွေ မြင့်လာတာ၊ လူသုံးကုန် ပစ္စည်း ဈေးကြီးလာတာကြောင့် ဆုန်ကရန်မှာ ထိုင်းတွေ ခရီးမသွားဘဲ အိမ်တွင်းအောင်းနိုင်တယ်လို့ ထိုင်း ခရီးသွားလုပ်ငန်းကောင်စီက သတိပေးပါတယ်။ကောင်စီဥက္ကဌ Chai ရဲ့ အဆိုအရ တချို့တွေဆို နယ်တောင် မပြန််ဖို့ ဆုံးဖြတ်နေကြောင်း၊ နယ်မြို့တွေမှာ လူမရှိရင် မြို့တွေ မစည်နိုင်ကြောင်း သူက သတိပေးပါတယ်။ ဘန်ကောက်မှာလည်း အရာရာဈေးကြီးနေလို့ လူတွေက ကဲမယ့် အစား အိမ်မှာနားမယ်လို့တွေးထားတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ ခရီးသွား အာဏာပိုင်တွေက Maha Songkran World Water Festival 2026 ကို ဧပြီလ ၁၁ ရက်ကနေ ၁၅ ရက်အထိ ဘန်ကောက်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လောင်စာဆီစရိတ်ကြောင့် ခရီးဝေးသွားလာမှု၊ ပြည်တွင်းလေကြောင်းခရီးစဉ်များ သိသိသာသာ လျော့ကျသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ခရီးတိုတွေကို EV ကားနဲ့ သွားနိုင်ပေမယ့် အားသွင်းတဲ့နေရာ မလုံလောက်တာက ပြဿနာဖြစ်နိုင်ပါတယ်။ဒါကြောင့် ထိုင်းခရီးသွားလုပ်ငန်း မေသဆုံးဖို့ကို အစိုးရက ဆီဈေးနှုန်း တည်ငြိမ်အောင်လုပ်ဖို့ တောင်းဆိုထားပြီး ဒါသာ ပြိုလဲသွားရင် စီးပွားရေးကို ကြီးကြီးမားမားထိခိုက်နိုင်တယ်လို့ ပြောပါတယ်။



