back

ရခိုင်ဘက်သို့ အိန္ဒိယမှတစ်ဆင့်သယ်ဆောင်တဲ့စက်သုံးဆီတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

Apr 07 • 1:36 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ဘက်သို့ အိန္ဒိယမှတစ်ဆင့်သယ်ဆောင်တဲ့စက်သုံးဆီတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်တဲ့စက်သုံးဆီတွေဟာ အခုနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ သိရပါတယ်။မီဇိုရမ်ကနေတဆင့် ရခို...

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်တဲ့စက်သုံးဆီတွေဟာ အခုနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ သိရပါတယ်။မီဇိုရမ်ကနေတဆင့် ရခိုင်သို့သယ်ဆောင်မဲ့စက်သုံးဆီလီတာပေါင်း ၇,၆၂၀ ကို ပြီးခဲ့တဲ့ ဧပြီလ (၃) ရက်နေ့က မီဇိုရမ်ပြည်နယ်၊ လုံး‌လေမြို့မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။အဲဒီစက်သုံးဆီတွေဟာ ရခိုင်ပြည်ဘက်သို့ တရားမဝင်ပို့ဆောင်မဲ့စက်သုံးဆီတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသအ‌ခြေစိုက် ဇိုးနက် လုံးလေသတင်းမှာ ဖော်ပြထားပါတယ်။အလားတူ မတ် ၂၇ ရက်နေ့ကလည်း လုံးလေးမြို့ AOC ရပ်ကွက်မှာ မြန်မာနိုင်ငံကို သယ်ဆောင်မဲ့စက်သုံးဆီ ကားနှစ်စီးကို လုံးလေမြို့ရဲ့တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့မှာရှိတဲ့ Mezo Fed ဆီဆိုင်မှာ ရခိုင်သို့ပို့ဆောင်မဲ့ ဓာတ်ဆီ ၁,၆၀၀ လီတာနဲ့ ဒီဇယ် ၄၀၀ လီတာကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

news-view-count-icon

16