back

ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းများ ၁၀ ရက်အတွင်း စံချိန်တင်မြင့်တက်

Apr 07 • 1:46 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းများ ၁၀ ရက်အတွင်း စံချိန်တင်မြင့်တက်

ရန်ကုန်မြို့တွင် မတ်လ နောက်ဆုံးပတ်မှ ဧပြီလ ပထမပတ် ၁၀ ရက်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားသည်ဟု မြို့နေပြည်သူများထံက သိရသည...

ရန်ကုန်မြို့တွင် မတ်လ နောက်ဆုံးပတ်မှ ဧပြီလ ပထမပတ် ၁၀ ရက်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားသည်ဟု မြို့နေပြည်သူများထံက သိရသည်။ဧပြီလပထမပတ်အတွင်း ဆန်အမျိုးမျိုးက ၁၀ ရာခိုင်နှုန်းခန့်၊ အသားငါးများ ၁၀ ရာခိုင်နှုန်းခန့်၊ မုန့်မျိုးစုံက ၁၅ ရာခိုင်နှုန်းခန့် စသဖြင့် အသီးသီးမြင့်တက်နေသည်ဟု ရန်ကုန် မင်္ဂလာဒုံမြို့နေ အမျိုးသားတဦးက ပြောသည်။ထို့ပြင် ငွေကြေးတတ်နိုင်လျှင်တောင်မှ ပစ္စည်းပြတ်လပ်မှုကြောင့် လိုသလောက် ဝယ်ယူမရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းကဆက်ပြောသည်။ကုန်ဈေးနှုန်းများက အဆမတန်မြင့်တက်လာနေသော်လည်း လုပ်ခလစာက တိုးမလာသည့်အတွက် နေထိုင်စားသောက်ရေး အခက်အခဲရှိလာသည်ဟု နောက်ထပ် ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဆိုသည်။" ကုန်စျေးနှုန်းတက်၊ အိမ်စျေးနှုန်းတက် ။ အခြေခံလစာဆို အိမ်ငှားခလောက်တောင် မရဘူး ။ တချို့ လစာနှုန်းထားတွေဆိုရင် ဘယ်လိုများ စားသောက်နေထိုင်ကြသလဲ တွေးတောင်တွေးမရဘူး။ မိသားစုများပြီး အကုန်အလုပ်လုပ်မှပဲ" ဟု ရန်ကုန်မြို့နေ အမျိုးသား တဦးက ပြောသည်။

news-view-count-icon

45