back

တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးချဲ့လိုကြောင်း ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) ဆို

Apr 07 • 1:35 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးချဲ့လိုကြောင်း ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) ဆို

တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာသည် အလွန်ကျယ်ပြောကြောင်း၊ ကာဂျစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ဆက...

တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာသည် အလွန်ကျယ်ပြောကြောင်း၊ ကာဂျစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးချဲ့သွားလိုကြောင်း ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) Daniyar Amangeldiev က ဧပြီ ၃ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် CIS စီးပွားရေးကောင်စီ အစည်းအဝေးကာလအတွင်း ဆင်ဟွာသတင်းထောက် သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ ကာဂျစ္စတန်သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ လက်ရှိတွင် ကာဂျစ္စတန်-တရုတ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် အဆင့်မြင့်ကာလတွင်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည်လည်း မြန်နှုန်းမြင့်တိုးတက်လျက်ရှိ‌ကြောင်း၊ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်ရထားလမ်း စီမံကိန်းကို လက်ရှိတွင် တက်ကြွစွာ တွန်းအားပေးဖော်ဆောင်လျက်ရှိရာ ယင်းစီမံကိန်းသည် ကာဂျစ္စတန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားအသစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Daniyar Amangeldiev က ထောက်ပြပြောကြားခဲ့သည်။

news-view-count-icon

10