မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန် ဝိုင်းမော်မြို့နယ်မှာတော့ စက်သုံးဆီတွေကို အလွယ်တကူပဲဝယ်ယူလို့ရကြောင်း ဒေသခံတွေကပြောဆိုကြပါတယ်။ တရုတ်နယ်စပ်ကနေ စက်သုံးဆီများဝင်ရောက်မှုကြောင့် စက်သုံးဆီပြတ်လပ်မှုများကို စိုးရိမ်စရာမလိုဘူးလို့ ဆိုကြပါတယ်။ တရုတ်နယ်စပ်ကန်ပိုင်တည်နဲ့ လိုင်ဇာမြို့များကနေ စက်သုံးဆီတင် ဆီဘောက်ဆာကားများ နေ့စဉ် ဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိ စက်သုံးဆီစျေးနှုန်းတွေကတော့ တစ်လီတာ ကျပ် ၁၃,၀၀၀ နဲ့ တန်းစီစရာမလိုဘဲ ဆိုင်တိုင်းနီးပါးမှာ ဝယ်ယူလို့ရနေတာလို့ဆိုပါတယ်။ ဒါ့အပြင် စက်သုံးဆီ ၁ လီတာ ကျပ် (၇,၀၀၀) နှုန်းဖြင့် အချိန် ၁ နာရီခွဲအတွင်းအကန့်အသတ်တွေနဲ့ ဆီပန့်ဆိုင်တွေက အလှည့်ကျ ရောင်းချပေးမှုတွေလည်းရှိတယ်လို့သိရပါတယ်။ 
Apr 07 • 1:31 AM
Myanmar
Kachin
Share
| 17 | 0 | 0 | 0 |


