back

မွန်ပြည်နယ်၊ချောင်းဆုံဘုရားပွဲတွင် ရပ်ဝေးဧည့်သည်များ နည်းနိုင်သဖြင့် ဘုရားပွဲအစီအစဉ်များကို အခြေအနေအရ ကျင်းပသွားမည်ဟုဆို

Apr 07 • 1:32 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ချောင်းဆုံဘုရားပွဲတွင် ရပ်ဝေးဧည့်သည်များ နည်းနိုင်သဖြင့် ဘုရားပွဲအစီအစဉ်များကို အခြေအနေအရ ကျင်းပသွားမည်ဟုဆို

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကျေးရွာအလိုက်ပြုလုပ်နေသည့် ဘုရားပွဲသို့ ရပ်ဝေးမှ ဧည့်သည်များ လာရောက်သူနည်းနိုင်သဖြင့် ပျော်ပွဲရွှင်ပွဲနှင့...

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကျေးရွာအလိုက်ပြုလုပ်နေသည့် ဘုရားပွဲသို့ ရပ်ဝေးမှ ဧည့်သည်များ လာရောက်သူနည်းနိုင်သဖြင့် ပျော်ပွဲရွှင်ပွဲနှင့် ဧည့်ခံကျွေးမွေးရေးအစီအစဉ်များကို အခြေအနေအရ ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံနှင့် ဘုရားပွဲကျင်းပရေး တာဝန်ရှိသူများက ပြောသည်။ချောင်းဆုံမြို့နယ်တွင် လက်ရှိ စုံ၊မ စနစ်အသွားအလာ ကန့်သတ်ချက်နှင့် စက်သုံးဆီရရှိမှု အခက်အခဲကြောင့် သင်္ကြန်အကြိုနေ့တွင် စတင်ပြုလုပ်မည့် ရက်ရှည်ဘုရားပွဲသို့ ရပ်ဝေးဧည့်သည်များ နည်းမည်ဟု ခန့်မှန်းထားကြသည်။မည်သည့်ပမာဏခန့် ချက်ပြုတ်တည်ခင်းမည်ကို မသတ်မှတ်သော်လည်း အလေအလွင့်မဖြစ်စေရေး အခြေအနေအရ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များကို ပြုလုပ်သွားမည်ဟု ကမာမိုရွာခံတစ်ဦးက ပြောသည်။

news-view-count-icon

15