back

ထိုင်းနိုင်ငံတွင် ရေရှားမှုအန္တရာယ်နှင့် ရင်ဆိုင်နေရ၊ အသုံးပြုနိုင်သော ရေပမာဏ ၅၀% သာကျန်ရှိ

Apr 07 • 1:30 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ရေရှားမှုအန္တရာယ်နှင့် ရင်ဆိုင်နေရ၊ အသုံးပြုနိုင်သော ရေပမာဏ ၅၀% သာကျန်ရှိ

ထိုင်း အမျိုးသား ရေ အရင်းအမြစ်ရုံး (ONWR) ရဲ့အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုင်းမှာ မိုးခေါင်ရေရှားမှုတွေဖြစ်နေပြီး အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသမှာ ရေပမာဏ...

ထိုင်း အမျိုးသား ရေ အရင်းအမြစ်ရုံး (ONWR) ရဲ့အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုင်းမှာ မိုးခေါင်ရေရှားမှုတွေဖြစ်နေပြီး အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသမှာ ရေပမာဏ ၄၂% အထိ လျော့နည်းသွားပါတယ်။ သုံးရေ ရှားပါးမှု ပြဿနာက တဖြည်းဖြည်းရှိလာပြီး လိုအပ်တဲ့ ရေရဖို့ မိုးရေလိုအပ်ချက်ရှိနေပေမယ့် မိုးရွာတာ နည်းပြီး နေရာကွက်ကျားထစ်ချုန်းရွာတာပဲရှိမယ်လို့ ခန့်မှန်းထားပါတယ်။တစ်ချိန်တည်းမှာပဲအဓိကကျတဲ့ ဆည်ကြီး ၅ ခုမှာ စိုးရိမ် ရေမှတ်အောက်သို့ ရောက်ရှိနေသလိုအလတ်စားဆည် ၄၇ ခုမှာ ရေပမာဏ ၃၀% အောက်သာ ကျန်ပါတော့တယ်။လက်ရှိအချိန်အထိ ရေက လုံလောက်နေသေးပေမယ့် ဆက်လက်စောင့်ကြည့်ဖို့ကတော့ လိုအပ်နေပါတယ်။

news-view-count-icon

18