back

Kumamoto ခရိုင်မှာ ၃ နာနိုမီတာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ဖို့ TSMC ခွင့်ပြုချက်ရ

Apr 06 • 3:09 PM

breaking-news

Japan

Local News

cover

Kumamoto ခရိုင်မှာ ၃ နာနိုမီတာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ဖို့ TSMC ခွင့်ပြုချက်ရ

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း Kumamoto ခရိုင်မှာ အဆင့်မြင့် ၃ နာနိုမီတာအရွယ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ဖို့ ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေ...

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း Kumamoto ခရိုင်မှာ အဆင့်မြင့် ၃ နာနိုမီတာအရွယ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ဖို့ ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ (TSMC) ကို ခွင့်ပြုချက်ပေးလိုက်ပြီလို့ ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။ TSMC ဟာ Kumamoto ခရိုင်မှာ ဆောက်လုပ်ဆဲဖြစ်တဲ့ သူ့ရဲ့ ဒုတိယစက်ရုံမှာ ၃ နာနိုမီတာ အရွယ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ထုတ်လုပ်ဖွယ် ရှိပါတယ်။ အဲဒီစက်ရုံဟာ တစ်လကို တစ်ပိုင်းလျှပ်ကူးပစ္စည်း ၁၅,၀၀၀ ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး ၂၀၂၈ ခုနှစ်မှာ အများအပြားထုတ်လုပ်မှုကို စတင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီကုမ္ပဏီဟာ Kumamoto ခရိုင်မှာ ရှိတဲ့ သူ့ရဲ့ ပထမဆုံးစက်ရုံမှာ မော်တော်ကားတွေ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ထုတ်လုပ်နေပါတယ်။



news-view-count-icon

1