ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတချို့မှာ ဧပြီ ၈/၉ ရက်နေ့အတွင်း အပူချိန် ၄၃ ဒီဂရီစဲလ်စီးယပ်စ်အထိရှိနိုင်ပြီး လူ့ အသက်ပါ အန္တရာယ်ပေးနိုင်လောက်တဲ့အထိ ပူနိုင်ပါတယ်။ ဆုန်ကရန်မတိုင်ခင်ရက်တွေမှာ အပူချိန်က ၄၂ အထက်တွေမှာရှိနိုင်လို့ သတိထားဖို့ တိုက်တွန်းထားပါတယ်။ အပူချိန်ခန့်မှန်းချက်များမှာ မြောက်ပိုင်းနှင့် အလယ်ပိုင်းအထက်ပိုင်း: ၄၀-၄၃ ဒီဂရီစဲလ်စီးယပ်၊ ဘန်ကောက်နှင့် ဆင်ခြေဖုံးဒေသများ: ၃၅-၄၁ ဒီဂရီစဲလ်စီးယပ်၊ တောင်ပိုင်း: ၃၄-၃၉ ဒီဂရီစဲလ်စီးယပ် တို့ဖြစ်ပါသည်။



