ဟိုက်ဒရိုဂျင် အင်ဂျင်တပ်ဆင်ထားတဲ့ တရုတ်ကုန်တင်လေယာဉ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ သိရသလို ဒါဟာ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လေကြောင်းကဏ္ဍ (Green Aviation) အတွက် မှတ်တိုင်သစ် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ လူမပါတဲ့ (Uncrewed) ၇ ဒသမ ၅ တန်ရှိ ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ပြီး ကမ္ဘာ့အင်အားအကောင်းဆုံး ဟိုက်ဒရိုဂျင် တာဘိုပရော့ပ် (Hydrogen Turboprop) အင်ဂျင်ကို တပ်ဆင်ထားတာပါ။ အဲဒီအင်ဂျင်ဟာ စွမ်းအင် ၁ မဂ္ဂါဝပ်ကျော် (မြင်းကောင်ရေ (hp) ၁,၃၄၁ အထက်) အထိ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။



