back

ဂျိုရှူအာဗန်နဲ့ပွဲ နောက်ဆုတ်သွားပေမဲ့ ချန်ပီယံခါးပတ်ယူဖို့ အသင့်ရှိနေကြောင်း တက်ဆူရိုတာအီရာ ဆို

Apr 06 • 3:06 PM

breaking-news

Japan

Local News

cover

ဂျိုရှူအာဗန်နဲ့ပွဲ နောက်ဆုတ်သွားပေမဲ့ ချန်ပီယံခါးပတ်ယူဖို့ အသင့်ရှိနေကြောင်း တက်ဆူရိုတာအီရာ ဆို

ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာက ဂျိုရှူအာဗန်နဲ့ ထိုးသတ်ရမယ့်ပွဲ နောက်ဆုတ်ရွှေ့ဆိုင်းသွားပေမဲ့ မိမိအတွက် အပြောင်းအလဲဘာမှမရှိကြောင်းနဲ့ ချန်ပီယံခါးပတ်ယူဖို့ အသင့်ရှိ...

ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာက ဂျိုရှူအာဗန်နဲ့ ထိုးသတ်ရမယ့်ပွဲ နောက်ဆုတ်ရွှေ့ဆိုင်းသွားပေမဲ့ မိမိအတွက် အပြောင်းအလဲဘာမှမရှိကြောင်းနဲ့ ချန်ပီယံခါးပတ်ယူဖို့ အသင့်ရှိနေကြောင်း သူ့ရဲ့ Instagram လူမှုကွန်ရက်ကနေ ပို့စ်တင် ရေးသားကာ ပြောကြားခဲ့ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်ဟာ ဒဏ်ရာပြဿနာကြောင့် ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာနဲ့ ယှဉ်ပြိုင် ထိုးသတ်ရမယ့်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိုရှူအာဗန်ဟာ လေ့ကျင့်ရေးမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့စနေနေ့ညမှာ UFC ပရိုမိုးရှင်းက ဂျိုရှူအာဗန်နဲ့ တက်ဆူရိုတာအီရာပွဲကို လာမယ့် မေ ၁၀ ရက်မှာ ကျင်းပမယ့် UFC 328 ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။  




news-view-count-icon

3