back

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ဧပြီလ မှ စတင်ကောက်ခံမည်

Apr 06 • 1:11 PM

breaking-news

Myanmar

Local

cover

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ဧပြီလ မှ စတင်ကောက်ခံမည်

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကောက်ခံခြင်းမပြုဘဲ ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို...

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကောက်ခံခြင်းမပြုဘဲ ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန ) က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ပရောဂျက်ကာလသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့မှ စ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များ ကို မော်တော်ယာဥ်အမျိုးအစားနှင့်ဘက်ထရီ စွမ်းဆောင်ရည်အလိုက် မူလတန်ဖိုးဈေးနှုန်းအပေါ် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ Pick Up (Single Cab, Extended Cab, Open Cab) Light Truck, Truck, Dumper, Tanker, Box Truck, Refrigerated Van, Crane Truck, Logging Truck, Container Carrier Truck, Tractor Headနှင့် ခရီးသည်တင်ယာဉ်(ယာဉ်မောင်းအပါအဝင် ၁၅ ဦးအထက်) (Bus, Mini Bus, Express Bus) (City Bus l) တို့သည် ၃ရာခိုင်နှုန်း ၊ လူစီးယာဉ်(ယာဉ်မောင်းသူအပါအဝင် ၁၅ ဦးနှင့်အောက်) (Saloon, Jeep, Station Wagon, Micro Bus, MPV, SUV)Battery Capacity 30 kwh အောက် ၁၀ရာခိုင်နှုန်း၊

 Battery Capacity 31 Kwhမှ 60 Kwh အထိ ၂oရာခိုင်နှုန်း၊Battery Capacity 61 Kwhမှ 90 Kwh အထိ ၃၀ရာခိုင်နှုန်း၊ Battery Capacity 91 Kwhနှင့်အထက် ၄၀ရာခိုင်နှုန်း၊လူနှင့်ကုန်(၂)မျိုးသုံးယာဉ်(Pick Up, Double Cab) ၄၀ရာခိုင်နှုန်း ဖြင့်သတ်မှတ်ထားကြောငိးသိရသည်။




news-view-count-icon

29