၂၀၂၆ ဧပြီ ၅ ရက် ၁၆း၃၀ ချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဝိန်းကျောက်ရပ်ကွက် အိမ်ခန်းဌားတွင် ငှါးရမ်းနေထိုင်သည့် အခန်းအမှတ်(၆)အား ဝင်ရောက်ရှာဖွေခဲ့ရာ နန်းခမ်းဆာ အား ၎င်း ဌားရမ်းနေထိုင်သော အခန်းဧည့်ခန်းတွင်တွေ့ရှိရပြီး ရှာဖွေရာ အိပ်ယာဝဲဘက်ထောင့်ရှိ လက်ဆွဲအိတ်အတွင်း ROYAL-D စာတန်းပါ ဖြူ/လိမ္မော်ရောင်ပလတ်စတစ်အိတ်ထဲမှ Happy Water (စိတ်ပြောင်းဆေးဝါး) ဟု ယူဆရသော လိမ္မော်ရောင်အမှုန့် ၂၅ ဂရမ်စီ ၁၂ ထုပ်(၃၀၀ ဂရမ်ခန့်)၊ COLLAGEN စာတန်းပါ ပန်းရောင်ပလတ်စတစ်အိတ်ထဲမှ အညိုရောင်အမှုန့် ၂၀ ဂရမ်စီ ၁၄ ထုပ်(၂၈၀ ဂရမ်ခန့်)၊ King of Fruit စာတန်းပါ အဝါရောင်ပလတ်စတစ်အိတ်ထဲမှ လိမ္မော်ရောင်အမှုန့် ၃၅ ဂရမ်စီ ၄ ထုပ်(၁၄၀ ဂရမ်ခန့်) စုစုပေါင်း Happy Water ၇၂၀ ဂရမ်ခန့်(တန်ဖိုး ငွေကျပ် ၇၉၂ သိန်းခန့်) ရှာဖွေတွေ့ရှိခဲ့သည်။ထို့အပြင် LOOKERGAN စာတန်းပါ အဖြူရောင်ပလတ်စတစ်အိတ်အတွင်း အကြည်ရောင်ပလတ်စတစ်အိတ်ထဲမှ ကက်တမင်း(Ketamine) ဟု ယူဆရသော အဖြူရောင်အမှုန့် ၂၂၀ ဂရမ်ခန့်ပါ ၁ ထုပ်နှင့် အဖြူရောင်ပုံဆောင်ခဲ ၁၀၀ ဂရမ်ခန့်ပါ ၁ ထုပ်(စုစုပေါင်း ၃၂၀ ဂရမ်ခန့်၊ တန်ဖိုး ငွေကျပ် ၃၂ သိန်းခန့်)၊ အကြည်ရောင်ပလတ်စတစ်အိတ်ထဲမှ ဆေးခြောက်ဟု ယူဆရသော အညိုရောင်အရိုး၊ အရွက်၊ အစေ့ရောရာ ၂၈၀ ဂရမ်ခန့်(တန်ဖိုး ငွေကျပ် ၂.၂၄ သိန်းခန့်) တို့ကိုလည်း ရှာဖွေတွေ့ရှိ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နန်းခမ်းဆာ (၃၈)နှစ်၊ အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။



