back

မော်လမြိုင်မြို့တွင် Online မှ တစ်ဆင့် တရားမဝင် စက်သုံးဆီ ရောင်းဝယ်မှု ပိုများလာ

Apr 06 • 1:10 PM

breaking-news

Myanmar

Mon

cover

မော်လမြိုင်မြို့တွင် Online မှ တစ်ဆင့် တရားမဝင် စက်သုံးဆီ ရောင်းဝယ်မှု ပိုများလာ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း Online မှ တစ်ဆင့် တရားမဝင် စက်သုံးဆီ ရောင်းဝယ်မှုပိုမိုများလာကြောင်း သိရသည်။ထို့သို့ ရောင်းချနေသူများမှာ စက်သုံးဆီဆိုင်များတ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း Online မှ တစ်ဆင့် တရားမဝင် စက်သုံးဆီ ရောင်းဝယ်မှုပိုမိုများလာကြောင်း သိရသည်။ထို့သို့ ရောင်းချနေသူများမှာ စက်သုံးဆီဆိုင်များတွင် ဆီတန်းစီကာ ပြန်လည်ထုတ်ယူပြီးနောက် ဈေးတင်ကာ ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ထို့သို့ ဈေးတင်ကာ စက်သုံးဆီ ပြန်ရောင်းချနေကြသူများတွင် အစိုးရဝန်ထမ်းများလည်း ပါဝင်နေကြောင်း သိရသည်။အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှု ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။သို့သော် ပြင်ပစျေးကွက်အတွင်း တစ်လီတာဗူးမှစ၍ ဂါလံပုံး၊ပီပါပုံးများဖြင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများတွေရှိပါက 067411273၊ 09254625477 ၊ 0677411252၊ 09680589888 သို့သတင်းပေးတိုင်ကြားနိုင်ပြီး တိုင်ကြားသူကိုဆုချီးမြှင့်မည်ဟု စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 





news-view-count-icon

16