back

တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

Apr 06 • 7:37 AM

breaking-news

Myanmar

Local

cover

တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

ယနေ့ ဧပြီ(၆)ရက်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ယနေ့ညနေပိုင်းအထိခန...

ယနေ့ ဧပြီ(၆)ရက်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ယနေ့ညနေပိုင်းအထိခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း (၈၀)ဖြစ်သည် ဟု ဆိုသည်။အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းအသိပေးထားသည်။နောက် (၂)ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊မန္တလေးတိုင်း၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

news-view-count-icon

20