မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ဧပြီ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် မြန်မာ့အလင်းသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ထုတ်ဝေမည်ဖြစ်ပြီး ကြေးမုံသတင်းစာကို ခေတ္တရပ်နားသွားမည် ဖြစ်သည်။ဧပြီ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ကြေးမုံသတင်းစာကို ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်း သတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ခေတ္တရပ်နားသွားမည်ဖြစ်သည်။
| 26 | 0 | 0 | 0 |


