ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ Dangkor ခရိုင်တွင် ဧပြီလ ၄ ရက်နေ့ (စနေနေ့) မွန်းလွဲပိုင်းက နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါမီးမှာ စိတ်ဝေဒနာ ခံစားနေရသော အိမ်ရှင်အမျိုးသမီးကိုယ်တိုင် ရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။မီးလောင်မှုမှာ မွန်းလွဲ ၁ နာရီခန့်တွင် Dangkor ရပ်ကွက်ရှိ Khva ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အသက် ၃၆ နှစ်အရွယ်ရှိ ကမ္ဘောဒီးယားအမျိုးသမီး Phin Kunthea က ၎င်း၏နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လူ သို့မဟုတ် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာက လိုအပ်သလို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင် စိတ်ဝေဒနာခံစားနေရသူ အမျိုးသမီးတစ်ဦး ၎င်းနေအိမ်ကို ကိုယ်တိုင် မီးရှို့မှုဖြစ်ပွား
Apr 06 • 7:33 AM
Cambodia
Local News
Share
| 8 | 0 | 0 | 0 |


