ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရှိ "Happy City" ဂိမ်းဆိုင်ဖမ်းဆီးမှုတွင် ပါဝင်သူများကို မြို့နယ်တရားသူကြီး ဒေါ်ယဉ်ငြိမ်းနုက ငွေကျပ်သိန်းထောင်ချီ လာဘ်ငွေရယူကာ ချုပ်ရက်တစ်လဖြင့် ပြန်လွှတ်ပေးခဲ့မှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများ ပြင်းထန်နေသည်။ ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခံခဲ့ရသည့် ဒိုင်ချုပ် ဦးထွန်းစိန် (ခ) အားချင်နှင့် အဖွဲ့ဝင်စုစုပေါင်း ၁၁ ဦးကို ပြီးခဲ့သည့် မတ်လအတွင်းက ချုပ်ရက်နှင့်အညီ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ အလားတူ လောင်းကစားမှုကျူးလွန်သူ အခြားဒေသခံများကိုမူ ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ခဲ့သဖြင့် ဥပဒေအသုံးချမှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။အမှုနှင့်နီးစပ်သူများ၏ အဆိုအရ တရားသူကြီးသည် ဒိုင်များထံမှ သိန်း ၁,၀၀၀ ကျော်နှင့် ထိုးသားများထံမှ တစ်ဦးလျှင် သိန်း ၅၀ မှ ၇၀ အထိ ရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီက တရားသူကြီးများ ကျမ်းသစ္စာကျိန်ဆိုရသည့် အစဉ်အလာကို မတ်လ ၁၉ ရက်တွင် ပယ်ဖျက်ခဲ့ခြင်းကြောင့် နောင်တွင် အဂတိလိုက်စားမှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ထားသည်ဟု သိရှိရပါသည်။
Apr 06 • 5:58 AM
Myanmar
Shan
Share
| 13 | 0 | 0 | 0 |


