၂၀၂၆ ခုနှစ် ထိုင်းသင်္ကြန် (Songkran) ပွဲတော်ကို ဘေးကင်းလုံခြုံစေရန်အတွက် အာဏာပိုင်များက အဓိက စည်းကမ်း ၈ ချက်ကို ထုတ်ပြန်ကာ ပြင်းထန်စွာ အရေးယူမည် ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများတွင် မူးယစ်မောင်းနှင်ပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ဘတ် ၁ သိန်းအထိ ချမှတ်ခြင်း၊ အန္တရာယ်ရှိ PVC ရေပြွတ်များ သုံးစွဲပါက ထောင်ဒဏ် ၂ နှစ်အထိ အရေးယူခြင်း၊ လူစည်ကားရာနေရာများတွင် ပေါင်ဒါလူးခြင်းနှင့် Foam Party ကျင်းပခြင်းကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။ ထို့ပြင် မသင့်တော်သော ဝတ်စားဆင်ယင်မှုများအတွက် ဘတ် ၅,၀၀၀ ဒဏ်ရိုက်ခြင်း၊ အသက် ၂၀ မပြည့်သူကို အရက်ရောင်းချမှုနှင့် သတ်မှတ်ချိန်ပြင်ပ အရက်ရောင်းချမှုကို ပိတ်ပင်ခြင်း၊ ကားဘေးဘောင်ပေါ်ထိုင်၍ ရေကစားခြင်းကို တားမြစ်ခြင်း၊ အဝေးပြေးလမ်းတွင် အရှိန်ကျော်မောင်းပါက ဘတ် ၄,၀၀၀ ဒဏ်ရိုက်ခြင်းနှင့် အသံချဲ့စက်သုံးစွဲရန် ကြိုတင်ခွင့်ပြုချက်ရယူခြင်း စသည့်အချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 06 • 5:57 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


