back

ရန်ကုန်မြို့တွင် ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ၂၀၂၆ ကျင်းပပြီးစီး

Apr 06 • 3:44 AM

breaking-news

Myanmar

Local

cover

ရန်ကုန်မြို့တွင် ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ၂၀၂၆ ကျင်းပပြီးစီး

ရန်ကုန်မြို့ရှိ Lotte Hotel တွင် ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ၂၀၂၆ (ASEAN Rice Trade Summit 2026) ကို ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့...

ရန်ကုန်မြို့ရှိ Lotte Hotel တွင် ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ၂၀၂၆ (ASEAN Rice Trade Summit 2026) ကို ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဆန်စပါးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က လက်ရှိဆန်စပါးကဏ္ဍတွင် ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ကုန်ကျစရိတ်မြင့်မားမှုနှင့် ဈေးကွက်မတည်ငြိမ်မှု စိန်ခေါ်မှုများကို ASEAN အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံနှင့် နည်းပညာဖလှယ်ကာ ပူးပေါင်းဖြေရှင်းရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း အစားအသောက်လုံခြုံရေးနှင့် လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ ကမ္ဘာ့ဆန်ဈေးကွက်တွင် ASEAN ၏ အခန်းကဏ္ဍ ပိုမိုအားကောင်းလာစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

27