back

ရှမ်းပြည်နယ်ရှိအစိုးရစာသင်ကျောင်းမှာ TA.LT ဆရာ/ဆရာမ ဖွဲ့စည်းပုံ ဖြစ်လာနိုင်စေရေးအတွက် မျက်နှာစုံညီအစည်အဝေး တွေ့ဆုံပွဲပြုလုပ်

Apr 06 • 4:54 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်ရှိအစိုးရစာသင်ကျောင်းမှာ TA.LT ဆရာ/ဆရာမ ဖွဲ့စည်းပုံ ဖြစ်လာနိုင်စေရေးအတွက် မျက်နှာစုံညီအစည်အဝေး တွေ့ဆုံပွဲပြုလုပ်

အထူးဒေသ (၆) ၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နောင်တရားမြို့၊ စန္တာႏခမ်းရွုမ်ႏ ဒဲဉ်သီႏဗွေ(တပေါင်း)ကွင်း၊ဓမ္မာရုံက...

အထူးဒေသ (၆) ၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နောင်တရားမြို့၊ စန္တာႏခမ်းရွုမ်ႏ ဒဲဉ်သီႏဗွေ(တပေါင်း)ကွင်း၊ဓမ္မာရုံကျောင်းဆောင်တွင် TA.LT ဆရာ/ဆရာမများ ဖွဲ့စည်းပုံဖြစ်လာနိုင်စေရေးအတွက် မျက်နှာ စုံညီ တွေ့ဆုံပွဲကို ယနေ့ ညနေ ၂နာရီအချိန်တွင် နမောတဿ( ၃)ကြိမ်ရွတ်ဆိုပြီးအခမ်းအနား စတင်ပြုလုပ်ခဲ့ကြောင့်သိရပါသည်။ထိုအခမ်းအနားတွေ့ဆုံပွဲကို လွယ်အုဲင်းဆရာ တော် ဘဒ္ဒန္တရာဇဂုရုမှ TA.LT ဆရာ/ဆရာမများအတွက် အဖွင့်မှာစကားနှင့် ပအိုဝ်းသမိုင်း ကြောင်း အကျဥ်းတစ်ချို့ကိုဟောပြောပေးခဲ့ပြီးဆက်လက်၍ စန္တာႏခမ်းရွုမ်ꩻ ဆရာတော် ဝိစာရကTA.LTဆရာ/ဆရာမများအတွက် အကြံပေးသြဝါဒများဟောပြောပေးခဲ့ပါသည်။ထိုအခမ်းအနားတတွင်ပင်လောင်းဒေသ၊ နောင်တရားဒေသ၊တီကျစ်ဒေသများတွင်တာဝန်များဆောင်ရွက်ရန်အတွက် ဥက္ကဋ္ဌ ၊အတွင်းရေမှူးများကို ရွေးချယ်ကာ TA.LT တံဆိပ်တုံးကိုဆရာမနန်းမိုးသီတာထံ အပ်နှံခဲ့ပြီး TA.LTဆရာ/ဆရာမများအဖွဲ့ကို ဖွဲ့စည်းအတည်ပြုခဲ့ကြောင်းသိရသည်။

news-view-count-icon

23