back

MAI နှင့် အင်ဒိုနီးရှား Perkasa Flight School တို့ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ အလုပ်သင်လေယာဉ်မှူးသင်တန်း ဖွင့်လှစ်

Apr 06 • 3:43 AM

breaking-news

Myanmar

Yangon

cover

MAI နှင့် အင်ဒိုနီးရှား Perkasa Flight School တို့ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ အလုပ်သင်လေယာဉ်မှူးသင်တန်း ဖွင့်လှစ်

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Perkasa Flight School တို့ပူးပေါင်းကာ လေကြောင်းကဏ္ဍတွင် ကျွမ်းကျင်လေယာဉ်မှူးအဖြစ် ရပ်တ...

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Perkasa Flight School တို့ပူးပေါင်းကာ လေကြောင်းကဏ္ဍတွင် ကျွမ်းကျင်လေယာဉ်မှူးအဖြစ် ရပ်တည်လိုသူများအတွက် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် အလုပ်သင်လေယာဉ်မှူးလေ့ကျင့်ရေးအစီအစဉ်ကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် စာတွေ့၊ လက်တွေ့ပျံသန်းမှုများအပြင် ပျံသန်းမှုသရုပ်ပြလေ့ကျင့်စက် (Simulator) များဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကာလအတွင်း ထူးချွန်သည့် သင်တန်းသားများကို MAI လေကြောင်းလိုင်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေယာဉ်မှူးအဖြစ် ခန့်အပ်ရန် ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16