မန္တလေးငလျင်ကြီး တစ်နှစ်ပြည့် ပညာရပ်ဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ (Mw 7.7 Supershear Mandalay Earthquake Forum) ၏ ဒုတိယနေ့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဗဟိုသင်တန်းကျောင်း၌ ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ်တွင် ငလျင်ဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရာ၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ချက်များနှင့် MNBC 2025 စံနှုန်းများကို ကျွမ်းကျင်ပညာရှင်များက အသီးသီး ဆွေးနွေးခဲ့ကြသည်။မြန်မာနိုင်ငံငလျင်ကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်ကျင်းပသည့် ယခုပွဲတွင် အဆောက်အအုံသစ်များ တည်ဆောက်ရာ၌ မြေသားစမ်းသပ်မှုများ မဖြစ်မနေပြုလုပ်ရန်နှင့် တည်ဆောက်ရေးလုပ်သားများပါ စည်းကမ်းလိုက်နာရန် တိုက်တွန်းခဲ့ကြသည်။ မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများ၊ စာသင်ကျောင်းနှင့် ဆေးရုံများ၏ ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးရန်နှင့် အရည်အသွေးမြင့်မားသော တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အင်ဂျင်နီယာပညာရှင်အဖွဲ့အစည်းများစွာ ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Apr 06 • 3:42 AM
Myanmar
Mandalay
Share
| 17 | 0 | 0 | 0 |


