back

ချယ်လ်ဆီးအသင်းခေါင်းဆောင် တာဝန်ယူခွင့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရ ဟု ကိုးလ်ပါလ်မာ ပြောကြား

Apr 06 • 3:33 AM

breaking-news

Myanmar

International

cover

ချယ်လ်ဆီးအသင်းခေါင်းဆောင် တာဝန်ယူခွင့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရ ဟု ကိုးလ်ပါလ်မာ ပြောကြား

ချယ်လ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာသည် ပို့တ်ဗေးလ်နှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိပြီး ယခုအခိုက်အတန့...

ချယ်လ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာသည် ပို့တ်ဗေးလ်နှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိပြီး ယခုအခိုက်အတန့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသင်းခေါင်းဆောင် ရီးဂျိမ်းစ် ဒဏ်ရာရနေခြင်းနှင့် ဒု-အသင်းခေါင်းဆောင် အန်ဇိုဖာနန်ဒက်ဇ် ပွဲပယ်ခံထားရခြင်းတို့ကြောင့် နည်းပြ ရိုဆီနီယာက ပါလ်မာကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယခုနိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် လေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း ယခုအခါ ဝင်ဘလေကွင်းတွင် ကစားရမည့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

22