ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ AA အဖွဲ့ဝင် မြို့နယ်မှူးထံ ပေးပို့မည့် ငွေကျပ် ၁၁ ဒသမ ၇ ဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇၈ သိန်းကို သယ်ဆောင်လာသူ အမျိုးသား ၃ ဦးနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်နှင့် စိုင်ကောင်းကျေးရွာအနီးရှိ ထော်လာဂျီယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ပင်လောင်းမြို့နယ်မှတစ်ဆင့် အမ်းမြို့သို့ ပို့ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပတ်သက်ဆက်နွှယ်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
Apr 06 • 3:36 AM
Myanmar
Rakhine
Share
| 23 | 0 | 0 | 0 |


