ထိုင်း-ကရင်နီနယ်စပ်ဒေသတနေရာမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီပညာရေးဌာနလက်အောက်က ဆယ်သဲကောလိပ်ကျောင်း (STC ) မှာ ကျောင်းပြီးမြောက်သွားတဲ့ ကျောင်းသူ/ကျောင်းသား (၄၉)ဦးကို ဘွဲ့နှင်းသဘင်အပ်နှင်းခြင်းနဲ့ ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မှာ ပြုလုပ်သွားခဲ့ပါတယ်။Education နဲ့ Community Development မေဂျာ ၂ ခုကနေ အထူးပြု သင်ကြားပြီးစီးသွားတဲ့ ကျောင်းသူ၊ကျောင်းသား (၄၉)ဦးကို လက်မှတ်အပ်နှင်းခဲ့တာဖြစ်ပါတယ်။ဆယ်သဲကောလိပ်ကျောင်းဟာ လူငယ်လူရွယ်တွေအနေနဲ့ ဒေသတွင်း ရပ်ရွာအသိုင်းအဝန်းမှာ ပြန်လည်အထောက်အကူပြုနိုင်ဖို့အတွက် ၂၀၁၃ခုနှစ်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အပတ်စဉ်(၁)အနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။ ၂၀၂၁ခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ထိုင်း-ကရင်နီနယ်စပ်မှာ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အပတ်စဉ် (၁၃)ထိ ဖွင့်လှစ်သင်ကြားနေပါတယ်။



